Friday, October 18, 2013

PayPal အကောက် Verify အလွယ်တကူ လုပ်နည်း

PayPal အကောက်ကို Verify ဖြစ်အောင် လုပ်မယ် ဆိုရင် အရင်က ကျွန်တော်ပြောခဲ့သလို VisaCard တို့  Master card တို့ လိုအပ်ပါတယ် ကျွန်တော်က အခု ထိုင်းမှာ နေတဲ့ အတွက် ထိုင်းနိုင်ငံက ကဒ်တွေကို အခြေခံပြီး ပြောပြပေးသွားပါမယ်.. ကျွန်တော်ကတော့ ထိုင်းဘဏ် တစ်ခုဖြစ်တဲ့ K-Bank မှာ VISA card တစ်ခု ကျွန်တော့် နာမည်နဲ့ လုပ်လိုက်ပါတယ် ..။ ရိုးရိုးက ဘတ် ၃၀၀ အာမခံနဲ့က ဘတ် ၈၀၀ ဖြစ်ပါတယ်..။ ဒါပေမဲ့ ကဒ်လုပ်ပြီးတာနဲ့ တစ်ခါတည်း အင်တာနက်မှာ သုံးလို့ မရသေးပါဘူး အင်တာနက်မှာ သုံးလို့ ရဖို့အတွက် Bank service ထဲဝင်ပြီးတော့ internet shopping  ပြန်လုပ်ရပါတယ်။ နိုင်ငံကြီး တော်တော် များများမှာတော့ ပြန်လုပ်စရာ မလိုပါဘူး ။ ထိုင်းနိုင်ငံမှာတော့ ပြန်လုပ်ရပါတယ်..။ 


 ATM Card ကို Internet shopping လုပ်နည်း

VISA Card ရလာပြီး ဆိုတာနဲ့ အရင်ဦးဆုံး မိမိပြုလုပ်ခဲ့တဲ့ ဘဏ်ရဲ့ ATM ပုံးကို သွားလိုက်ပါ ..။
လမ်းဘေးတော်တော်များများမှာ ရှိပါတယ်.. ။ ကဒ်လုပ်ပေးတဲ့ ဘဏ်ရုံး အရှေ့မှာလဲ ရှိပါတယ်..။ ရောက်ရှိသွားပြီ ဆိုရင်တော့ မိမိရဲ့ VISA card ကို ATM ပုံးထဲ ထည့်လိုက်ပါ..။ 
ပြီးရင် မိမိတို့ရဲ့ password ကို နှိပ်ပြီး ဝင်လိုက်ပါ..။ ကျွန်တော်ကတော့ ထိုင်းစာ မတက်တဲ့ အတွက် English စာကိုဘဲ ရွေးပြီး နှိပ်လိုက်ပါတယ်..။  ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း နှိပ်လိုက်ပါ .။ Bank တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် စာတန်း နည်းနည်း လွဲချင် လွဲမှာပါ.. ။ ကိုယ်ဖာသာကိုယ် နည်းနည်း ပြင်ဖတ်ပေးပါခင်ဗျာ..။ 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း internet shopping by K-Debit card ကို ဆက်နှိပ်ပါ..။ 
internet shopping ကို နှိပ်ပြီးပါက အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Mobil Phone No ကို နှိပ်ပါ..။
ကိုယ့်ရဲ့ Phone No ကို ထည့်ပြီးပါက Submit Mobile No ကို နှိပ်လိုက်ပါ
ပြီးသွားရင် စာရွက် တစ်ရွက်ထွက်လာပါမယ် .. အဲ့ဒီ စာရွက်မှာ ဂဏန်းလေးလုံး ပါရှိပါတယ် မှတ်ထားလိုက်ပါ..။ စောစောက ထည့်ခဲ့တဲ့ Phone No ကိုလဲ စာအိပ် တစ်လုံး Bank ကနေပြီးတော့ ပို့ပေးပါမယ်..။ စာရွက်ထဲကလိုဘဲ ဂဏန်းလေးလုံးပါပါတယ်..။ 
ဒါဆို ကျွန်တော်တို့ရဲ့ ကဒ်က အင်တာနက်မှာ သုံးလို့ ရပါပြီ..။ 
PayPal အကောက် Verify လုပ်နည်း
ဒီနေရာမှာ ကျွန်တော် အကြံပေးချင်တာက Verify လုပ်မဲ့ အကောက်နာမည်က မိမိတို့ ဘဏ်အကောက်မှာ သုံးထားတဲ့ နာမည်နဲ့ တူရင် ပိုကောင်းပါတယ်..။ ဒါဆိုရင် ဘာပြဿနာမှ မတက်တော့ပါဘူး ။ နာမည်မတူပါက တစ်ခါတလေ ပြဿနာ အနည်းငယ် ရှိတတ်ပါတယ် ..။
ကဲ.. အကောက် Login ဝင်လိုက်ပါဦးခင်ဗျာ..။အကောက်ထဲ ရောက်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်း ညာဘက်ဘေးနားက Link debit/credit card ဆိုတာကို နှိပ်လိုက်ပါ..။
                                         

                                         အောက်ကပုံအတိုင်းပေါ်လာပါမယ်..။

သင်အသုံးပြုတဲ့ အကောက်နာမည်ကို ရွေးချယ်လိုက်ပါ။ ကျွန်တော်ကတော့ VISA ကဒ်သုံးတယ်..။ ရွေးလိုက်ရင် အောက်က ပုံအတိုင်းပေါ်လာပါမယ်..။
                                         


Card Number , Expiry Date,Card Security Code. စသည်တို့ကို ဖြည့်ပေးရပါမယ်..။

အရင်ဦးဆုံး Card Number နေရာမှာ အောက်ကပုံအတိုင်း ကဒ်က နံပါတ်ကို ကြည့်ပြီး ရေးလိုက်ပါ..။
                                           


                 Expiry Date ကိုလဲ အောက်ကပုံမှာ ပြထားတဲ့အတိုင်းဘဲ ကြည့်ပြီး ရေးလိုက်ပါ..။
                                               

Card Security Code ကိုတော့ ကဒ်ရဲ့ အနောက်ဘက်မှာ ကြည်နိုင်ပါတယ်.။ အောက်က ပုံကအတိုင်းပေါ့
                                                   

အားလုံးပြီးရင် Link Card ကို နှိပ်လိုက်ပါ.
                                                     
အဲ့ဒီ ပုံအတိုင်းပေါ်လာပါမယ်။ အနီတန်းနဲ့ ဖြတ်ထားတာက ကျွန်တော့် No ဖြစ်နေလို့ပါ။Confirm My Card ကိုနှိပ်လိုက်ပါ..။ 


Continue ကို ဆက်နှိပ်လိုက်ပါ..။ 


အဲ့ဒီ ပုံအတိုင်း ပေါ်လာပါမယ်..။ ကျွန်တော်တို့ စောစောက ATM ပုံမှာ ထည့်ခဲ့တဲ့ Phone No ထဲကို Bank ကနေပြီးတော့ စာအိပ်တစ်လုံး ပို့လာပါမယ်..။ PayPal ကနေပြီးတော့ ဝန်ဆောင်ခ ထိုင်း ဘတ် 32.36 နုတ်သားပြီ ဆိုတဲ့ အကြောင်း ပါ.


အဲ့ဒီ ပုံအတိုင်းပါဘဲ..။ ပြီးရင် အောက်မှာ ရှိတဲ့ Go to my profile ကို ဆက်နှိပ်လိုက်ပါ


Enter PayPal Code ကို နှိပ်လိုက်ပါက Phone ထဲကို Bank ကနေပြီးတော့ စာအိပ် နောက်တစ်လုံး ထပ်ပို့ ပါမယ်..။ 
ဘတ် 70 ထပ်နုတ်ပါတယ်..။ ပြီးတာနဲ့ ချက်ချင်း အဲ့ဒီ ဘတ် 70 ကို PayPal အကောက်ထဲသို့ ပြန်ထည့်ပေးပါတယ်
 နောက်ပြီးတော့ Code ပါ ပို့ပေးထားပါတယ်
PP*0000 CODE  ဥပမာ အဲ့လိုပေါ့ အောက်က PP* No လေးလုံးကို မှတ်ထားပါ..။

Enter PayPal Code ကို နှိပ်လိုက်ပါက အပေါ်က ပုံအတိုင်း ပေါ်လာပါမယ် ..။  စောစောက ဖုန်းထဲကို ပို့လာတဲ့ PP* ဘေးက No လေးလုံးကို ထည့်လိုက်ပါ..။ ပြီးရင် Confirn Card ဆက်နှိပ်ပါ..။ 
အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ... ။ :D လက်ခုပ်တီးကြပါ ခင်ဗျာ..။ :D
Close ကို နှိပ်လိုက်ပါ..။

    Like နှိပ်ပြီးတော့အားပေးကြပါသူငယ်ချင်း.....


                                               www.mm-knowledge.com


Credit:ထိုင်းရောက်ITလူငယ်များ
Read more

Internet Download Manager (IDM) 6.18 Build 2 Full Patch/Keygen

Oct 09, 2013 မှအသစ်ထွက်လာတဲ့ Internet Download Manager (IDM) 6.18 Build 2 Full Patch/Keygen လေးကိုတင်ပေးလိုက်ပါတယ်။ 
1. Install the application and close. (It may say Fake Serial.)
a.When Finish Installation, Close "IDM Tray Icon" From Taskbar
2. Copy "Keygen.and.Patch" from folder "Keygen-Patch"
and paste it in to the installation folder It is generally :
C:Program Files (x86)Internet Download Manager
OR
C:Program FilesInternet Download Manager

3. Run "Keygen+Patch" and
a. Click on Generate
b, Click on Patch and select idman.exe
c. Click on Auto Register
  

 Patch ဖိုင်ထည့်နည်းမသိပါက  ဒီမှာနှိပ်ပြီး  ၀င်ကြည့်ပါ။

Download | Internet Download Manager 6.18 Build 2
Patch/Keygen | Courtesy of babelpatcher

                            www.mm-knowledge.com
Read more

Microsoft Office 2010 Professional Download

တောင်းဆိုထားတဲ့ သူငယ်ချင်းတွေအတွက်ရော လိုအပ်မယ့်သူငယ်ချင်းတွေအတွက်ပါတင်ပေးလိုက်ပါ
တယ်။ ဖိုင်ဆိုဒ်ကတော့ 600mb ရှိပါတယ်။
Microsoft Office 2010 will undoubtedly be the new online versions of Word,  PowerPoint, Excel and OneNote. After a few years of delay, it seems that Microsoft have finally decided to launch their own alternative to Zoho,Google Docs, OpenGoo, ThinkFree and many other online productivity suites. The online Office 2010 will probably be a light version of the suite, but it will enable you to work anytime, anywhere.



 
နည်းပညာမြို့တော် 
 
Read more

ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံး တဲ့အခါ connection ကျသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း


ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျသွားတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း ***

ဖုန်းကနေ အင်တာနက်ကို wifi hotspot လွှင့်ကာ ကွန်ပျူတာနဲ့ချိတ်သုံးတဲ့ သူတွေအတွက် ဖြစ်တတ်တဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ ကွန်ပျူတာနဲ့ချိတ်သုံးနေရင်း လိုင်း ခဏခဏ ကျသွားတဲ့ ပြဿနာပါ။ အထူးသဖြင့် download ဆွဲတဲ့အခါ လိုင်းကျသွားတတ်ပါတယ်။ ဖုန်းအင်တာနက်ကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းပြန်တက်ပါတယ်။
ဒါကြောင့် လိုင်းကျသွားရင် data ကို on / off ခဏခဏ လုပ်ပြီး အသုံးပြုနေရတဲ့ ဘော်ဒါများရှိခဲ့ရင် ဒီနည်းလေး စမ်းကြည့်စေချင်ပါတယ်။

Samsung , Sony .. နောင်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေနဲ့ ချိတ်သုံးတဲ့အခါ ဖြစ်တတ်ပါတယ်။ Android 4.0 နှင့်အထက် ဖုန်းတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာက ဘာလို့ဖြစ်ရတာလဲဆိုရင်
wifi hotspot ကို timer ပေးထားလို့ဖြစ်တယ်လို့ယူဆရပါတယ်။ ဒါကြောင့် wifi hotspot ကို timer ပေးထားတာကို ဖျက်လိုက်ရင် ပုံမှန်တိုင်း သုံးနိုင်တာကိုတွေ့ရပါတယ်။ ဒီနည်းလမ်းကို Admin ဖြစ်တဲ့ Mr.KT ကလိရင်းနဲ့ တွေ့ခဲ့တာပါ။ သိတဲ့သူများရှိသလို မသိတဲ့သူများလဲရှိပါမယ်။ ဒါကြောင့် မသိတဲ့သူတွေအတွက် ဖြေရှင်းနည်း ရေးပေးလိုက်ပါတယ်။

- ဖုန်း Setting ထဲကို ၀င်လိုက်ပါ။

- Tethering and portable hotspot ကို ၀င်လိုက်ပါ။

- Portable Wi-Fi hotspot ကို တွေ့ပါမယ်။ ထိုစာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ (on/off) လုပ်ခိုင်းတာမဟုတ်ပါ။ စာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။

- Allowed devices , Configure စတဲ့ စာတန်းတွေ ပါတဲ့ setting ထဲကို ရောက်သွားပါမယ်။ ဖုန်းရဲ့ menu ခလုတ်ကိုနှိပ်လိုက်ပါ။ Timeout settings ဆိုတာ ပေါ်လာပါမယ်။ နှိပ်ပြီး ကြည့်လိုက်ရင် timer ပေးထားလား မပေးဘူးလား မြင်ရပါမယ်။ timer ပေးထားရင် Never time-out ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။

setting ထဲ ၀င်ပုံကတော့ ဖုန်အမျိုးစားအလိုက် အနည်းငယ် ကွာခြားပါလိမ့်မယ်။ ကျွန်တော်ကတော့ Samsung setting အတိုင်း ရေးထားတာပါ။

ဖုန်းကနေ Portable Wi-Fi hotspot ကို ဖွင့်လိုက်ပြီး ကွန်ပျူတာနဲ့ချိတ်ကာ သုံးကြည့်ပါ။ လိုင်းမကျတော့တာကို တွေ့ရပါမယ်။ သေချာချင်ရင် download ဆွဲကြည့်ပါ။ download လုပ်နေလဲ လိုင်းက လုံးဝ ဂန့်သွားတဲ့ပုံစံ မရှိတော့ပါဘူး။ MPT ကနေ လိုင်းချထားရင်တော့ ကျမှာပါပဲ။ အခုနည်းလမ်းက ပုံမှန်လိုင်းကောင်းနေတဲ့အချိန်မှာပဲ အသုံးပြုနေရင်း connection ဂန့်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။

ကျွန်တော်တို့လေ့လာမိသလောက် ပြန်လည်ပြောပြတာပါ။ ကျွန်တော်တို့ လက်တွေ့စမ်းကြည့်တာ အဆင်ပြေသွားပါတယ်။ wifi hotspot ချိတ်သုံးရင်း လိုင်းကျသွားလို့ ခဏခဏ အင်တာနက် အဖွင့်အပိတ်လုပ်နေရသူတွေ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်တို့လဲ ပညာရှင်မဟုတ်ပါဘူး။ ရှာတွေ့တာလေး အဆင်ပြေလို့ ရေးလိုက်တာပါ။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်။ အိုကေတယ်ဆိုရင် comment မှာ အိုကေကြောင်း ရေးပေးကြပါ။ တစ်ခြားနည်းလမ်းများရှိရင်လဲ ရေးပေးကြပါ။
အားလုံး ပျော်ရွှင်ပါစေဗျာ။



                                       www.mm-knowledge.com


                                             
                                             နည်းပညာမြို့တော်

                                         Credit:Mr.AD & Mr.KT
Read more